Great Media ကို လွန်ခဲ့တဲ့ ၄နှစ် 2014 ခုနှစ်ထဲကစလို့ အကောင်အထည်ဖော်ဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် computer service အစရှိတဲ့ သာမန် ၀န်ဆောင်မှုတွေ ဖြင့်သာရပ်တည်လာခဲ့ရပါတယ်။
့ဒါပေမယ့် အခု ၂၀၁၇ ခုနှစ် ဂျူလိုင်လ မှာတော့ ဖန်တီးရာ (phandeeyar) မှာအစပြုပြီး IT service ၀န်ဆောင်မှု အဖွဲ့အစည်းအဖြစ်တည်ထောင်ဖြစ်ခဲ့တာပါ။၂၀၁၇ခု သြဂုတ်မှာတော့ တိုက်အမှတ်၈ ကျောက်မြောင်းလမ်း တာမွေမှာ
အခြေစိုက် ရုံးခန်းအဖြစ်ထားရှိပြီး IT(computer,network,cctv) နှင့်ဆက်စပ်ပြဿနာတွေကို စတင် ဖြေရှင်းပေးနေပါပြီ။ ဒီလိုအဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်ဖို့အဖက်
ဖက်က လူအချို့ရဲ့ ပံ့ပိုးမှုတွေကိုရယူခဲ့ရသလို အနစ်နာခံပေးဆပ်ရမှုတွေလဲရှိပါတယ်။ ဒီ၎နှစ်အတွင်းမှာ Great Media အနေနဲ့ အားပေးခဲ့တဲ့ company တွေကိုလဲ ကျေးဇူးတင်ပါတယ် ။
Customer မရှိရင် ကျွန်တော်တို့ ၀န်ဆောင်မှုလဲဖြစ်လာစရာမရှိပါဘူး။ အဲ့ဒါကြောင့် ရှေ့ဆက်ပြီး ကျွန်တော် တို့ IT နှင့် ဆက်စပ် အကြောင်းအရာများအတွက် အကောင်းဆုံးဝန်ဆောင်မှုတွေကို
ပေးအပ်နိုင်ဖို့ အချိန်နှင့်အမျှ customerရဲ့ need and wants အပေါ်မှာ လိုက်လျောညီထွေဖြစ်အောင် Service Plan တွေကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ "Your's Satisfaction is our priority "
ကျွန်တော်တို့ရဲ့ ဆောင်ပုဒ် အတိုင်း ကျွန်တော်တို့ ရဲ့ customer တွေ စိတ်ကျေနပ်ဖို့က ပထမဦးစားပေးဖြစ်ပါတယ်ခင်ဗျာ။ ယခင်ကအစဉ်တစိုက်အားပေးခဲ့သော customer များနှင့်ယခု စိတ်ဝင်တစား
လာရောက်မေးမြန်းစုံစမ်းအားပေးကြပါသော customer များအားလုံးကို Great Media မှအထူးပဲကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။ အဆင်ပြေသော အဆင်မပြေသော customer တွေ
အားလုံးပဲ လုပ်ငန်းနှင့် ပက်သက်ပြီးလိုအပ်ချက်လေးတွေနှင့်အဆင်မပြေမှုလေးတွေ ကို email မှ ဖြစ်စေ About us page လေးမှ ဖြစ်စေ feedback လေးတွေပေးထားခဲ့လို့ရပါတယ်ခင်ဗျာ။ ဒါမှလဲ ကျွန်တော်တို့ ၀န်ဆောင်မှုမှ အမြန်ဆုံးပြင်ဆင်ပေးသွားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။ အားလုံးပဲ မင်္ဂလာအပေါင်းခညောင်းကြပါစေခင်ဗျ။